အလွမ်းဆုလေး ပေးသနားပါ

posted under by နယုန်ထွန်း
မညာချင်ပေမယ့် ...
အမှန်အတိုင်းပြောဖို့ …
အခြေအနေတွေမှ မပေးခဲ့တော့လည်း …
မရိုးသားပေမယ့်…
ဆန်းပြားခွင့်လည်း မရခဲ့ရင် ...
မချစ်ရင်တောင်မှ မမုန်းလိုက်ပါနဲ့ ...
ပြိုင်ပွဲတိုင်း ရှုံးနိမ့်နေသူ…
တစ်ယောက်အတွက် …
နှစ်သိမ့်ဆု အဖြစ်…
အလွမ်းလေးတွေပေးခဲ့ဘို့တောင်မှ …
စဉ်းစားနေရက်သလား …
မမ စိမ်းရယ် …


နယုန်ထွန်း

အချစ်ဆိုတာ

posted under by နယုန်ထွန်း

အမုန်းပါပဲ..သူသုံးတဲ့အခါ
ငါ့ကောင်းကင်မှာ လမသာလို့ …
ညအမှောင်မှာပဲ ငါဆွေးနေတယ်…
ကဗျာမကြိုက်တဲ့ကောင်မလေးအတွက်
ကဗျာတွေသီကုံးလို့
ငါဆိုညည်းနေတဲ့သီချင်းတွေကတော့
သီချင်းနားမထောင်တဲ့ကောင်မလေးအတွက်ပါပဲ..
အပြုံးပါပဲ…သူမုန်းတဲ့ အခါ
သေလောက်အောင်ကြောက်ဘို့ကောင်းတယ်
ဒါပေမယ့်လည်း ရင်ကွဲလောက်အောင်ချစ်နေဆဲပါ …
ကြားဘူးခဲ့တယ် စကားတစ်ခွန်း
အချစ်ညီမျှခြင်း အချစ်တဲ့ …
ငါ့ရဲ့အချစ်ကတော့ 
အရှုံးကို အလွမ်းဆင့်မှ
နောင်တနဲ့ ကျန်ရစ်ခဲ့ရပါလား …
မင်းကိုလွမ်းတိုင်း ငါရင်ဖွင့်ရမယ့်သူ မရှိဘူးလေ…
ဒီတော့လည်း ကဗျာရေးမိတာက
စိတ်ကူးယဉ်လို့ မဟုတ်ပဲ သိပ်ရူးချင်လို့ ရေးမိတာပါ…
စိတ်ကူးမယဉ်ပေမယ့် စိတ်ကူးလဲ မရိုင်းပါဘူး …
အော်…… အချစ်…အချစ်… အချစ်..
ငါက..အ.လို့ ချစ်မိခဲ့တာများလား …. ?

နယုန်ထွန်း

မိုးညနဲ့ မဆုံနိုင်တဲ့ ကြယ်စုံည

posted under by နယုန်ထွန်း

မ...
ညတစ်ညဟာ မိုး.ည ဆိုရင် မ.အရမ်းပျော်တယ်..ကွ
မိုးတွေကလေ သွပ်မိုးပေါ်ကျနေတဲ့ အသံက သံစုံတီးဝိုင်းက ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်း
လေးတွေကို ကြားနေရသလိုပဲ … အဲလို အသံလေးတွေကို နားထောင်ပြီးရင်… မ.လေ ဘယ်လို
ဘယ်လို အိပ်ပျော်သွားမှန်းကို မသိတော့ဘူး … ပြီးတော့ မိုးသာရွာနေရင် မ.က အိပ်မက်ဆိုးတွေ
မမက်တတ်ဘူး … မ.ဆုတောင်းတာ မတရားမလားတော့ မသိဘူး …
ညတိုင်းအမြဲ မိုးတွေရွာပါစေလို့ ဆုတောင်းတယ်.ကွ…
နေ့ဘက်တွေရွာတယ်ဆိုရင်လဲ … မိုးရေချိုးပြီး ပြေးလိုက်လွှားလိုက်နဲ့ နေချင်တာ …
ကလေးလည်း မဟုတ်တော့ မသင့်တော်တော့ဘူးလေ… ဖြစ်နိုင်ရင် မိုးရွာထဲတော့
နည်းနည်း လမ်းလျှောက်လိုက်ချင်သေးတယ်… ကဗျာတွေ စာတွေ မရေးနဲ့ ကြားလား …
ကဗျာတွေ ရေးတာက စိတ်ကူးယဉ်သမားတွေ … သူတို့ က ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ဘို့
ကျတော့ မဖြစ်နိုင်ဘူးလေ… မ.ပြောတာ ဘယ်လိုသဘောရလဲ …
ပြီးတော့ နယုန်က ဘယ်လိုညမျိုးကို သဘောကျလဲ … …. …..


နယုန်...
ကောင်းကင်မှာ ကြယ်တွေစုံနေရင် နယုန် အရမ်းသဘောကျတာပဲ … အဲဒီကြယ်တွေကို ကြည့်နေရရင်
နယုန် အရမ်းကြည်နူးတယ် … ငယ်ငယ်ကဆို အိမ်ထဲမှာ မအိပ်ပဲ အိမ်ရှေ့ ကွပ်ပျစ်ပေါ်ကနေ ကြယ်တွေကို
ကြည့်ပြီး အိပ်ပျော်သွားတတ်တယ် …ကောင်းကင်က ကြယ်ကြွေတာကို မြင်ရင် ဆုတောင်းတဲ့ … တောင်းတဲ့ ဆုတောင်းတိုင်း ပြည့်တတ်တယ်တဲ့ …ကျွန်တော်ကတော့ ကြယ်မကြွေပါစေနဲ့လို့ ပဲ..ဆုတောင်းတယ်..အဲဒီကြယ်လေးတွေကို သနားလို့ … အဲဒီကြယ်တွေကိုလည်း ချစ်တယ်…
ဘာလို့လဲ ဆိုတော့ မ.က အဲဒီကောင်းကင်က ကြယ်တာရာ နဲ့ တူတယ် …
နယုန်ကတော့ လမင်းကြီးပေါ့ … မ.ကိုအရမ်းချစ်ပေမယ့် … မ..ဘေးမှာက ကြယ်တွေ အများကြီးပဲ …
နယုန်ချစ်တဲ့ ကြယ်တာရာလေးကို အဝေးကပဲ ကြည့်ခွင့်ရမယ့် ဖိုးလမင်း ပေါ့ …
ဒါပေမယ့်လဲ ချစ်နေရရင် ကျေနပ်နေပါပြီ … အချစ်ပြန်ရမှ ချစ်မှာတို့ … ချစ်သင့်မှ ချစ်တာတို့ က အချစ်ရဲ့
အဓိပ္ပါယ် မဟုတ်ဘူး … နယုန်အတွက်ကတော့ အချစ်ဆိုတာ ချစ်နေဘို့ပဲ လို့ ထင်တယ်… မ.ကျွန်တော်ကို
ပြန်ချစ်သည် ဖြစ်စေ..ပြန်မချစ်သည် ဖြစ်စေ ကျွန်တော်က တော့ မ.ကို ချစ်နေတုန်းပဲ …
မ.ရဲ့ ဘ၀.က မိုးည ဖြစ်ပြီးတဲ့ နယုန်က ကြယ်စုံတဲ့ ည ဖြစ်နေတယ်…
ကြယ်စုံတဲ့ညမှာ မိုးမရွာသလို …
မိုးရွာတဲ့ ညမှာလည်း ကြယ်တွေ မရှိပါဘူး …ကောင်လေးရယ် …တဲ့လား .မ…ရယ် ….

နယုန်ထွန်း

အနွေးထည်လေး

posted under by နယုန်ထွန်း
ကျွန်တော်က မ.အတွက် အနွေးထည်လေး တစ်ထည်ပေါ့ ...
မ..တစ်ယောက် ဆန္ဒရှိရင် နွေးထွေးမှုတွေ လိုရင်
ကျွန်တော့်ကို လွှမ်းခြုံခွင့် ပေးပါ ...
တကယ်လို့သာ မ.က ကျွန်တော့်ရဲ့ နွေးထွေးမှုတွေ မလိုအပ်ပါဘူး ဆိုရင်လဲ
ဗွီရိုထဲ ခေါက်သိမ်းထားရင် ကျွန်တော် ငြိမ်ငြိမ်လေး နေပါ့မယ် ...
ဒါမှမဟုတ်ပဲ ရက်ရက်စက်စက် အမှိုက်တောင်းထဲ စွန့်ပစ်မယ် ဆိုရင်တောင်မှ .
ကျွန်တော် အနွေးထည်လေးက ဘာမှ ပြန်ပြောမှာ မဟုတ်ပါဘူး ... မ.ရယ် .......
ဒါပေမယ့် ကျွန်တော့်ရင်ထဲက တိုးတိုးလေး ဆုတောင်းနေမယ်...
မ.တစ်ယောက် ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်လည်း မ. ရဲ့ အနီးဆုံးနေရာမှာပဲ စွန့်ပစ်ပါလား...ဗျာ ...
ကျွန်တော်... မ.ကို အရမ်းချစ်တယ် ...
တစ်ဘ၀လုံးစာအတွက် တစ်ခွန်းတည်းသော စကားပါ ...
တစ်ယောက်တည်းသော .မ.အတွက်မို့
တစ်သက်လုံးပဲ မြိုသိပ်နေရင်တောင် ကျွန်တော် နောင်တ နည်းနည်းလေးမှ မရပါဘူး ... ...
ကျွန်တော့်ရင်ခုန်သံတွေကတော့ ပြောနေတယ်... တိုးတိုးလေးပါပဲ ... မ. ကို အရမ်းချစ်တယ်တဲ့ ...
မ... မကြားပါဘူးနော်.... .... ....
နယုန်ထွန်း

top